Breaking News

ကျောင်းသားရေးရာဌာနခွဲ

ကျောင်းသားရေးရာဌာန၏ဆောင်ရွက်ချက်များ

စာမေးပွဲမတိုင်မီ ဆောင်ရွက်ချက်များ

၁။စာမေးပွဲဖြေဆိုချိန်အလိုက် သင်တန်းအသီးသီး၏ ခုံနံပါတ်၊ အခန်းအမှတ်များ ကြေညာခြင်း။

၂။Seating Plan ကို ရေးဆွဲ၍ ခုံနံပါတ်များကို အခန်းအလိုက် စီစဉ်နေရာချထားခြင်း နှင့် စာမေးပွဲ စည်းကမ်းချက်များအား ကျောင်းသား/သူများ သိရှိနိုင်ရန်ကြေညာခြင်း။

၃။စာမေးပွဲကျင်းပမည့် နေ့ရက်များတွင် လိုအပ်သည်များ ကူညီပေးနိုင်ပါရန်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့ နှင့် ခရိုင်ကျန်းမာရေးဌာန သို့  အကြောင်းကြားစာများပေးပို့ခြင်း။

၄။စာမေးပွဲအတွက် လိုအပ်သောAnswer Book, Chart/Graph Paper, Drawing Paper စသည်များကို ပြင်ဆင်ဆောင်ရွက်ခြင်း။

စာမေးပွဲကျင်းပသည့် နေ့ရက်များတွင် ဆောင်ရွက်ချက်များ။

၁။ စာမေးပွဲမတိုင်မီ နာရီဝက်အလိုတွင် ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် ကျောင်းအုပ်ကြီး၏ ရှေ့မှောက်တွင် စာမေးပွဲမေးခွန်းထုပ်များ၏ ချိတ်အား ပျက်/မပျက် သေချာစွာ စစ်ဆေး၍ မေးခွန်းဖွင့်ဖောက်ခြင်း။

စာမေးပွဲကျင်းပပြီးနောက်ဆောင်ရွက်ချက်များ

စာမေးပွဲ အဖြေလွှာများအား Code ပြုလုပ်ခြင်း

တရားမျှတမှုရှိစေရန်နှင့် ဘက်လိုက်မှုမရှိစေရန်အတွက် စာမေးပွဲအဖြေလွှာများအား Code ပြုလုပ်၍ စစ်ဆေးပါသည်။

စာမေးပွဲအဖြေလွှာများအား Decode ပြုလုပ်ခြင်း

သက်ဆိုင်ရာ ဌာနအသီးသီးမှ စစ်ဆေးပြီးစီးသော အဖြေလွှာများအားDecode ပြုလုပ်ခြင်း

Data Entry, Checking ပြုလုပ်ခြင်း

Formula ဆွဲထားသော Excel Software အတွင်းသို့ Data Entry အဖွဲ့မှ ထည့်သွင်းပြီးသော Data များအား Checkingအဖွဲ့မှ Hard copy များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး အမှားအယွင်းလုံးဝ မတွေ့ရှိတော့သည့် စစ်ဆေးမှုနောက် (၁) ကြိမ်ထပ်မံစစ်ဆေးပြီး Softcopy and Hard copy ကို ကျောင်းသားရေးရာဌာနသို့ အပ်နှံရပါသည်။

အောင်စာရင်းထုတ်ပြန်နိုင်ရေးဆောင်ရွက်ခြင်း

သင်တန်းအသီးသီး၏ အောင်စာရင်းများ ထုတ်ပြန်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးဦးဆောင်သော စီမံခန့်ခွဲရေးအဖွဲ့မှ စနစ်တကျ ဆောင်ရွက်၍ အချိန်မှီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ပါသည်။

ကျောင်းသားစည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်ချက်များ

၁။ ကျောင်းစည်းကမ်းများနှင့် ကျောင်းသားများ၏ အကျင့်စာရိစ္တဆိုင်ရာ စည်းကမ်းချက်များအား ကျောင်းသားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပေးကြေညာခြင်း။

၂။ လစဉ် သင်တန်းအသီးသီးမှ ကျောင်းသားများ၏ ကျောင်းတက်ရာခိုင်နှုန်းများအား မှတ်တမ်းပြုစုပြီး ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းအောက် ရောက်ရှိသော ကျောင်းသားစာရင်းများအား ထုတ်ပြန်ကြေညာခြင်း

၃။      နှစ်စ (ဒီဇင်ဘာလ)မှ နှစ်ဆုံး (အောက်တိုဘာလ) အထိ ကျောင်းတက်ရာခိုင်နှုန်း ၇၅ အောက် ရောက်ရှိသော ကျောင်းသား/သူများအား Debarred (စာသင်နှစ် တစ်နှစ်အား နှစ်ကျအဖြစ်သတ်မှတ်ခြင်း) စာရင်းထုတ်ပြန်ခြင်း

၂။      ဦးစီးဌာနသို့ နေ့စဉ် စာရင်းရှိ ဖြေဆို ပျက်ကွက်စာရင်းများပြုစု၍ အချိန်မှန် ပေးပို့ခြင်း။

၃။      Answer Book များအား သက်ဆိုင်ရာဌာနမှူးများမှ ခုံနံပါတ်များ ငယ်စဉ်ကြီးလိုက် စဉ်၍ သေချာစွာ စစ်ဆေးထုပ်ပိုးပြီး ချိပ်တံဆိပ် ရိုက်နှိပ်ခြင်း။

‌ဒေါ်ဆန်းမြတ်အောင်
ဌာနခွဲမှူး(စီမံ)
ဒေါ်မာမာထွန်း
ရုံးအုပ်(ကျောင်းသားရေးရာ)
ဒေါ်မေယုဇော်
အကြီးတန်းစာရေး(ကျောင်းသားရေးရာ)