Breaking News

သုတနည်းပညာဌာန၏ ဆောင်ရွက်ချက်များ

၄/၉/၂၀၁၉ ရက်နေ့တွင် ဆရာကန်တော့ပွဲကို ကျင်းပခဲ့ပါသည်။ ၂၅/၈/၂၀၁၉ ရက်တွင် Project Show ပြသခဲ့ပါသည်။ ၂၉/၇/၂၀၁၉ ရက်တွင် စတင်ကျင်းပသော မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် IT ဌာနကျောင်းသားအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ၂၈/၇/၂၀၁၉ ရက်တွင် ဝါဆိုသင်္ကန်းကပ်လှူခဲ့ပါသည်။ ၁၀/၇/၂၀၁၉ ရက်တွင် ကျောင်းအုပ်ကြီးမှ ချီးမြှင့်သော သင်ကြားရေးထူးချွန်ဆုကို ဒေါက်တာသူဇာဖြူ၊ ဒေါ်အေးမြတ်သူ၊ ဒေါ်အေမီစိုး တို့မှ ရရှိပါသည်။ နေပြည်တော်တွင် ကျင်းပခဲ့သော ICT Forumသို့ ဦးစိန်ကျော်လှိုင်နှင့် ကျောင်းသား(၃)ဦး တက်ရောက်ခဲ့ပါသည်။ ၉/၁၀/၂၀၁၉ မှ ၁၀/၁၀/၂၀၁၉ အထိ နေပြည်တော်တွင်ကျင်းပသော AGTI သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနမှူး ဒေါက်တာသွယ်သွယ်ငွေ တက်ရောက်ခဲ့ပါသည်။ (၁၃/၁၄/၁၅)/၂၀၁၉ ရက်နေ့များတွင် ကျောင်းသားများ လက်တွေ့ပြုလုပ်ခြင်းအပေါ် Viva Test  စစ်ဆေးခဲ့ပါသည်။ MOSWC  ပြိုင်ပွဲ ဒုတိယအဆင့် National Semi-final ပြိုင်ပွဲသို့ မောင်သူဇင်စိုး၊ မောင်သက်ဇင်စိုး၊ မောင်အောင်မြင်းစန်း၊ မောင်လွင်မျိုးသန့်၊ မောင်အုန်းပွင့်စိုးတို့ တက်ရောက်ခွင့် ရရှိခဲ့ပါသည်။

ဆရာ၊ဆရာမမျာအတွက် ICT Knowledge တိုးတက်စေရန် စာသင်နှစ် ၁နှစ်လျှင် ၁ကြိမ်ဖွင့်လှစ်ပေးခြင်း