Breaking News

စီမံဌာန

စီမံဌာန၏ဆောင်ရွက်ချက်များ

 ဝန်ထမ်းရေးရာဌာနခွဲအနေဖြင့် ရာထူးတိုး၊ ပြောင်းရွေ့၊ နှုတ်ထွက်ခြင်း၊ နှစ်တိုး၊ ခွင့်ခံစားခြင်း၊ ဂုဏ်ထူးဆောင် တံဆိပ်များရရှိရေး ၊ ပင်စင်ခံစားခွင့်များရရှိရေး၊ ဌာနဆိုင်ရာ‌အရေးယူအပြစ်ပေးခြင်း ဝန်ထမ်းအင်အားစာရင်းပြုစုခြင်း ဝန်ထမ်းသင်တန်း တက်ရောက်ခွင့်ကိစ္စများ စသည့် ပုံမှန် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ခဲ့သည့် အပြင် ကျောင်းသားရေးရာနှင့် ငွေစာရင်းဆိုင်ရာ သီးခြားကိစ္စ ရပ်များမှအပ  ကျောင်းတစ်ကျောင်းလုံး၏ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ နှင့် လည်းကောင်းတို့၏ ရုံးလုပ်ငန်းများ၊ ကျောင်းအုပ်ကြီး၏ ညွှန်ကြားချက်များကို အကောင် အထည်ဖော် ဆောင်ခြင်းလုပ်ငန်းများကို ပူးတွဲ ဆောင်ရွက်ရပါသည်။

          ကျောင်းတွင်ကျင်းပပြုလုပ်သော အစည်းအဝေးများသို့ တက်ရောက်ရမည့် အမည်စာရင်းပြုစုခြင်း တက်ရောက်ရန် ဖိတ်ကြားခြင်း၊ အစည်းအဝေးခန်း ပြင်ဆင်ခြင်း နေရာချခြင်း ဧည့်ခံခြင်း မှတ်တမ်းရယူခြင်း မှတ်တမ်း များအား ပြုစုထုတ်ပြန်ဖြန့်ဝေခြင်း  စသည့် လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။

          ဝန်ထမ်းရေးရာဌာနခွဲသည် ပညာသင်ဆု များအား ကြော်ငြာပေးခြင်း တက်ရောက်ခွင့်ရရှိအောင် ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ရပါသည်။

          ဝန်ထမ်းအသစ်များ ခေါ်ယူမှုများအတွက် လျှောက်ထားသူများအား လျှောက်လွှာများ ထုတ်ပေးခြင်း လျှောက်လွှာများအား စိစစ်လက်ခံခြင်းများအပြင် အလုပ်ဝင်ခွင့် စာစစ်ဌာနအဖြစ် လက်ခံဆောင်ရွက်ပေးရပါသည်။

ဘွဲ့နှင်းသဘင်နှင့် AGTI အောင်လက်မှတ် ပေးအပ်ပွဲများအတွက် ဝတ်စုံများရရှိရေးနှင့် ဝတ်စုံများထုတ်ပေးရေးဆိုင်ရာ ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ခဲ့သည့်အပြင် ဘွဲ့နှင်းသဘင် ခန်မအတွင်း နေရာချထားနိုင်ရေးအတွက် Seating Plan များရေးဆွဲခြင်း၊ ဘွဲ့နှင်းသဘင်အခမ်းအနား ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက်အခမ်းအနားကျင်းပနေစဉ် ‌ကျောင်းသားကျောင်းသူများနှင့် လည်းကောင်းတို့၏ မိဘဆွေမျိုးများအား နေရာချခြင်း တို့ကို တာဝန်ကျ ဆရာ၊ဆရာမများနှင့် ပူး‌ပေါင်းဆောင်ရွက်ရပါသည်။ 

          တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ခြောက်လပတ် အစည်းအဝေးများအတွက် ခြောက်လပတ်အစီရင်ခံစာများ၊ ကာလတူနှိုင်းယှဥ်ချက်အစီရင်ခံစာများပြုစုပေးခြင်း၊ ဦးစီးဌာနသို့ ၃လတစ်ကြိမ်ပေးပို့ရသော အစီရင်ခံစာအကျဉ်းချုပ်တို့နှင့် အခါအားလျော်စွာ ရေးဆွဲတင်ပြရသော စီမံချက်များကို ရေးဆွဲပြုစုပေးခြင်းတို့အပြင် စာမေးပွဲအခန်းစောင့် duty များသတ်မှတ် ရေးဆွဲပေးခြင်းနှင့် duty များအား ကြီးကြပ်ပေးခြင်းများကို ဆောင်ရွက်ပေးရပါသည်။

ဦးဇေယျာလှိုင်
ဒုတိယညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ)
ကျောင်းအုပ်ကြီး