Breaking News

စာကြည့်တိုက်

ဦးစီးဌာနမှ ခွဲဝေပေးသော စာအုပ်များ ၊ အလှူရှင်များမှ လှူဒါန်းသောစာအုပ်များ ကို စာကြည့်တိုက်နည်းစနစ်များနှင့်အညီ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး ငှားရမ်းလုပ်ငန်းများကို ဆောင်ရွက်ပါသည် မည်သူမဆို စာအုပ်စာပေများကို စာကြည့်တိုက်အတွင်း အခမဲ့ လေ့လာဖတ်ရှုနိုင်ပါသည်။ ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်ပြင်ပသို့ ငှားရမး်လိုပါက အသင်းဝင်လျှောက်လွှာဖြင့် စာငှားကဒ်များ ပြုလုပ်ရမည်ဖြစ်ပါသည်။ အသင်းဝင်လျှောက်လွှာကြေးမှာ ၂၀၀ ကျပ် ဖြစ်ပြီး စာငှားကဒ်မှာ ပညာသင်နှစ် တစ်နှစ်အတွက် ၁၀၀၀ ကျပ်ဖြစ်ပါသည်။ အသင်းဝင်ကြေးနှင့် စာငှားကဒ်ကြေးတို့မှ ရရှိလာသော ရန်ပုံငွေဖြင့် သုတရသ စာအုပ်များ ဝယ်ယူဖြည့်တင်းခြင်းနှင့် ပျက်ဆီးသွားသော စာအုပ်အဖုံးများချုပ်ခြင်း စသော လုပ်ငန်းများကို ဆောင်ရွက်ပါသည်။

ဒေါ်ငြိမ်းငြိမ်းရီ
စာရင်းကိုင်(၄)