Breaking News

နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာကောလိပ်(‌ရွှေဘို)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ‌ရွှေဘိုမြို့နယ်တွင်တည်ရှိပါသည်။ ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် (၅)မိုင်(၃) ဖာလုံခန့်၊ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီး၏ အရှေ့ဘက်(၁.၁၄) မိုင်အကွာတွင် တည်ရှိပါသည်။ အကျယ်အဝန်းအားဖြင့် ၇၉.၂၈ ဧကကျယ်ဝန်းပါသည်။

အစိုးရနည်းပညာကောလိပ်(ရွှေဘို)အား ၂၀၀၇ ခုနှစ် ဇန်နဝါရီလ(၂၀) ရက်နေ့တွင် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးက ၂၀-၁၁-၂၀၀၅ ရက်တွင် လာရောက်ကြည့်ရှု၍ အဆောက်အဦးဆောက်လုပ်မည့် မူလပန္နတ်အားသတ်မှတ်ပေးခဲ့သည်။ ၉-၁၂-၂၀၀၅ ရက်နေ့တွင် ဒုတိယဝန်ကြီးက ပန္နတ်တင်မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ပေးခဲ့ပါသည်။

အဆောက်အဦးကို ထူးထရေးဒင်းကုမ္ပဏီက ၂၅-၁-၂၀၀၇ စတင်တည်ဆောက်ခဲ့ပါသည်။ ရှေ့မျက်နှာစာအလျား ၄၅၂ ပေ၊ ဘေးမျက်နှာစာ ၃၀၀ ပေနှင့် U ပုံသဏ္ဍာန် သံကူကွန်ကရစ်အဆောက်အဦးဖြစ်ပါသည်။ ပင်မသုံးထပ် ကျောင်းဆောင်ကြီးအား ၂၀၀၈ခုနှစ် အောက်တိုဘာ (၃၀)ရက် နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ အစိုးရနည်းပညာကောလိပ်(‌ရွှေဘို)အား ၂၀၀၈ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် AGTI ပထမနှစ်ကျောင်းသားကျောင်းသူ ၄၈၃ ဦးဖြင့်စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ AGTI သင်တန်းများ၊ B.Tech သင်တန်း၊ BE သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ စနစ်သစ် B.Tech သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ကျွမ်းကျင်တတ်မြောက်ထားသော အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ပြီး ပြည်တွင်း၊ပြည်ပ အသိအမှတ်ပြုခံရသော သင်တန်းသားများ မွေးထုတ်ပေးရန်ဖြစ်သည်။
လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင် နှင့် ကျွမ်းကျင်လုပ်သားများကို စနစ်တက်လေ့ကျင့်သင်ကြားပေးနိုင်မည့် ကျောင်းတစ်ခု ဖြစ်လာရန် မျှော်မှန်းထားပါသည်။
စဉ်အမည်ပညာ
အရည်အချင်း
တာဝန်ထမ်း
ဆောင်ခဲ့သည့်ကာလ
ဒေါက်တာသက်နိုင်Ph.D(E.P)၂၅.၇.၂၀၀၇ မှ ၁၈.၁၂.၂၀၀၈
ဒေါက်တာသန့်ဇော်ဦးPh.D (E.P)၁၈.၁၂.၂၀၀၈ မှ ၈.၄.၂၀၁၁
ဒေါက်တာလေးမာန်ဝင့်Ph.D(Mech)၈.၄.၂၀၁၁ မှ ၂၈.၅.၂၀၁၈
ဒေါက်တာလင်းလင်းဇော်Ph.D(Mining)၂၈.၅.၂၀၁၈ မှ ၃၀-၃-၂၀၂၁
ဦးဇေယျာလှိုင်M.S(Aquatechnology)၁-၄-၂၀၂၁ မှ ယနေ့ထိ