မြို့ပြအင်ဂျင်နီယာသင်တန်း

မြို့ပြအင်ဂျင်နီယာသင်တန်း

         မြို့ပြအင်ဂျင်နီယာဌာန၏ ပုံမှန်နှင့် ကာလတိုသင်တန်းများတွင် သင်တန်းသား/သူများအား ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ပစ္စည်းအမျိုးအစားများကို အရည်အသွေးမှန်ကန်စွာ ရွေးချယ်အသုံးပြုတတ်စေရန်နှင့် စစ်ဆေးတတ်စေရန်၊ အင်ဂျင်နီယာဆိုင်ရာပုံများကို စနစ်တကျရေးဆွဲတတ်စေရန်နှင့် သက်ဆိုင်ရာပုံအညွှန်းနှင့်အညီ တည်ဆောက်နိုင်စေရန်၊ အဆောက်အဦကုန်ကျစရိတ်များအားတွက်ချက်တတ်စေရန်၊ လုပ်ငန်းခွင်တွင်တွေ့ကြုံရမည့် ပစ္စည်းများကိုစနစ်တကျ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရန်အတွက် စာတွေ့လက်တွေ့များနှင့် သင်ကြားပေးလျှက်ရှိပါသည်။

Bachelor Technology( မြို့ပြ )

အခြေခံပညာစနစ်သစ် KG+12 အောင်မြင် ပြီးသူ ကျောင်းဝင်ခွင့်သတ်မှတ်ချက်  နှင်ကိုက်ညီသူများ

သင်တန်းပြီးဆုံးပါက မြို့ပြဆိုင်ရာလုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ အင်ဂျင်နီယာ ဘာသာရပ် အခြေခံများကို စာတွေ့သာမက လက်တွေ့ များပါ သင်ယူလေ့လာရ၍ အဆောက်အဦး တည်ဆောက် သည့်လုပ်ငန်းများ၊ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး၊ လက်တွေ့ လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါ သည်။



လက်တွေ့ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ